ဟနွိုင်း မေ ၁၂

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေ ၁၂ ရက်(ယနေ့) ညပိုင်းတွင် ဟနွိုင်းမြို့ရှိ My Dinh အမျိုးသားအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မိနစ် ၁၂၀ ကြာ ကျင်းပသွားမည်ဟု သိရပြီး အနုပညာ အထူးအစီအစဉ် အဖြစ် ဗီယက်နမ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ်ကာ ဖျော်ဖြေတင်ဆက်သွားမည့်အပြင် အရှေ့တောင်အာရှနိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာများလည်း ပါဝင်မည်ဟု သိရသည်။ (၃၁)ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲ ဆပ်ကော်မတီ၏ ကိုယ်စားလှယ် Nguyen Tuyet Hoa က “ဗီယက်နမ်နိုင်ငံအနေဖြင့် နည်းပညာဆိုင်ရာ စက်ကိရိယာများနှင့် စက်မှုလက်မှု ကဏ္ဍတွင် အရည်အသွေးပြည့်မီသည့် အကောင်းဆုံး နည်းပညာအသစ်များကို ပထမဆုံး အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း” ပြောကြားသည်။ ထို့အပြင် နည်းပညာ ညှိနှိုင်းရေးမှူး Nguyen Huu Thanh က “ရုပ်မြင်သံကြားမှ ကြည့်ရှုသည့် ပရိသတ်များအနေဖြင့်လည်း Mapping နည်းပညာနှင့် Augmented Reality (AR) နည်းပညာတို့၏ အံ့သြဖွယ်အကျိုးသက်ရောက်မှုကို ခံစားရမည် ဖြစ်ကြောင်း” ပြောကြားထားသည်။

ဗီယက်နမ်ဆီးဂိမ်း ဖွင့်ပွဲအခမ်းအနားကို ဖော်ပြပါ Website: https://bit.ly/HomepageSG31 Facebook: https://bit.ly/FanpageSG31 Instagram: https://bit.ly/InstagramSG31 Youtube: https://bit.ly/YoutubeSG31 TikTok: https://bit.ly/TikTokSG31 Link များမှ တစ်ဆင့် အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

MDN, Photo-TTXVN