ဟနွိုင်း မတ် ၂
ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအချက်အချာကျသော တောင်ပိုင်းဟိုချီမင်းစီးတီးသည် ယခုနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(အက်ဖ်ဒီအိုင်)မှ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရရှိရေး ရည်မှန်းချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဗီယက်နမ်သတင်းဌာနက မတ် ၂ ရက်တွင် ဖော်ပြထားသည်။
သိသိသာသာပိုမိုများပြား
အဆိုပါရည်မှန်းချက်မှာ ၂၀၂၅ ခုနှစ်က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ ရရှိသည့် အမေရိကန် ဒေါ်လာ ၈ ဒသမ ၃၇ ဘီလီယံထက် သိသိသာသာပိုမိုများပြားလာသည်။ ယခုနှစ် ပထမ နှစ်လအတွင်း ဟိုချီမင်းစီးတီးသည် အသစ်ခွင့်ပြုလိုက်သည့် စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်းများအပါအဝင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၉၇၉ ဒသမ ၆ သန်း နီးပါးရရှိခဲ့ကြောင်း သိရသည်။
၂၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်
ယင်းမှာ ယမန်နှစ်ကထက် ၂၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။
ဆင်ဟွာ


