ဟနွိုင်း မတ်  ၂

ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးအချက်အချာကျသော တောင်ပိုင်းဟိုချီမင်းစီးတီးသည်   ယခုနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(အက်ဖ်ဒီအိုင်)မှ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရရှိရေး ရည်မှန်းချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဗီယက်နမ်သတင်းဌာနက  မတ်  ၂  ရက်တွင်   ဖော်ပြထားသည်။

သိသိသာသာပိုမိုများပြား

အဆိုပါရည်မှန်းချက်မှာ   ၂၀၂၅   ခုနှစ်က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ ရရှိသည့် အမေရိကန် ဒေါ်လာ  ၈  ဒသမ ၃၇ ဘီလီယံထက် သိသိသာသာပိုမိုများပြားလာသည်။ ယခုနှစ် ပထမ နှစ်လအတွင်း ဟိုချီမင်းစီးတီးသည် အသစ်ခွင့်ပြုလိုက်သည့် စီမံကိန်းများ၊  ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်းများအပါအဝင်  နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၉၇၉ ဒသမ ၆ သန်း နီးပါးရရှိခဲ့ကြောင်း သိရသည်။

၂၈   ဒသမ   ၄ ရာခိုင်နှုန်း မြင့်တက်

ယင်းမှာ   ယမန်နှစ်ကထက်   ၂၈   ဒသမ   ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။                

ဆင်ဟွာ