ဟနွိုင်း  ဇွန်  ၃

ဗီယက်နမ်နိုင်ငံ၏ သွင်းကုန်နှင့်  ပို့ကုန်စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ယခုနှစ် ပထမငါးလတာအတွင်း အမေရိကန်ဒေါ်လာ ၄၄၅ ဒသမ  ၁၂  ဘီလီယံအထိရှိလာပြီး  ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက  ၂၅   ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း  အမျိုးသားစာရင်းအင်းရုံး၏  ဇွန် ၃ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

အဆိုပါကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်မှာ ၁၉ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာပြီး  ၂၁၅  ဒသမ ၆၆ ဘီလီယံဒေါ်လာအထိ ရောက်ရှိခဲ့သည်။ သွင်းကုန်ပမာဏမှာလည်း ၃၀ ဒသမ ၈ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၂၂၉ ဒသမ ၄၆ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏  အဓိကအကြီးဆုံးပို့ကုန်ဈေးကွက်နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၆ ဘီလီယံရှိသည်ဟု  အမျိုးသားစာရင်းအင်းရုံးက  ထုတ်ပြန်သည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးသွင်းကုန်ဈေးကွက်ဖြစ်ပြီး သွင်းကုန်စုစုပေါင်းတန်ဖိုးမှာ  ဒေါ်လာ ၉၂ ဒသမ ၆ ဘီလီယံဖြစ်သည်။

ဆင်ဟွာ