ရန်ကုန် ဇူလိုင် ၂၆
ဗီယက်နမ်နိုင်ငံမှ စစ်တုရင်အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် ဟနွိုင်း Hanoi IM Chess Tournament ၂၀၂၂ စစ် တုရင်ပြိုင်ပွဲကြီးတွင် မြန်မာစစ်တုရင်ကစားသမားနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိ ကျင်းပသွားမည့် အဆိုပါ စစ်တုရင် ပြိုင်ပွဲအား ပတ်လည်အမှတ်ပေး စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး စစ်တုရင်ပြိုင်ပွဲတွင် အင်္ဂလန်နိုင်ငံမှ ကစားသမားတစ်ဦး၊ အိန္ဒိယနိုင်ငံမှ ကစားသမား တစ်ဦး၊ မြန်မာနိုင်ငံမှ ကစားသမား နှစ်ဦး၊ ဗီယက်နမ်နိုင်ငံမှ ကစားသမား ခြောက်ဦး စုစုပေါင်း စစ်တုရင်ကစားသမား ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အဆိုပါ ဟနွိုင်း Hanoi IM Chess Tournament စစ်တုရင်ပြိုင်ပွဲအား မြန်မာနိုင်ငံမှ IM ဝင်းဇော်ထွန်းနှင့် IM နေဦးကျော်ထွန်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဇူလိုင် ၂၄ ရက်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ဟနွိုင်းမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
အာကာလင်း