ဗီယက်နမ်နိုင်ငံ၏ အဝတ်အထည်တင်သွင်းမှု ပထမ ၁၁ လအတွင်း ၅ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်

ဟနွိုင်း ဒီဇင်ဘာ ၈

 

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၁၁ လအတွင်း အဝတ်အထည်တင်သွင်းမှုနှင့် စပ်လျဉ်း၍ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံကျော်သုံးစွဲခဲ့ပြီး အဝတ်အထည်တင်ပို့မှုသည်လည်း ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်မှုရှိခဲ့ကြောင်း နိုင်ငံ၏ အထွေထွေစာရင်းအင်းရုံးက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားသည်။

 

ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ အဝတ်အထည်တန်ချိန် ၁ ဒသမ ၄ သန်းကို တင်သွင်းနိုင်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၉ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်မှုရှိခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့်နှစ်ကမူ ဗီယက်နမ်နိုင်ငံသည် အဝတ်အထည်တင်သွင်းမှုနှင့်စပ်လျဉ်း၍ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ ဘီလီယံနီးပါးသုံးစွဲခဲ့ပြီး အဝတ်အထည်တင်သွင်းမှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၇ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ၏ အထွေထွေစာရင်းအင်းရုံးက ပြောကြားသည်။

 

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်းက ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးအဝတ်အထည်တင်သွင်းသည့်နိုင်ငံအဖြစ်ရှိခဲ့ကြောင်း သိရသည်။ 

 

ကိုးကား - ဆင်ဟွာ၊ 
ဘာသာပြန် - အလင်းသစ်