ဟနွိုင်း မတ် ၁၀
ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုမှာ ယခုနှစ် ပထမနှစ်လအတွင်း ၂၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက် လာကြောင်း ဗီယက်နမ်သတင်း အေဂျင်စီက စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ကို ကိုးကားပြီး မတ် ၁၀ ရက်တွင် ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံသည် ယင်းကာလအတွင်း ကော်ဖီတန်ချိန် ၂၈၄၀၀၀ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၈ ဘီလီယံရရှိခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောသည်။
ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ပျမ်းမျှကော်ဖီဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၇၄ ဒသမ ၅ ဒေါ်လာရှိပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၇၆ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင် ကော်ဖီတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ၆ ဘီလီယံရရှိရေး မျှော်မှန်းလုပ်ဆောင်လျက်ရှိသည်။
ဆင်ဟွာ