ဟနွိုင်း   မတ်  ၁၀

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုမှာ ယခုနှစ် ပထမနှစ်လအတွင်း ၂၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက် လာကြောင်း  ဗီယက်နမ်သတင်း အေဂျင်စီက  စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ကို ကိုးကားပြီး မတ် ၁၀ ရက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည်   ယင်းကာလအတွင်း   ကော်ဖီတန်ချိန် ၂၈၄၀၀၀ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ   အမေရိကန်   ဒေါ်လာ  ၁  ဒသမ  ၅၈    ဘီလီယံရရှိခဲ့ကြောင်း   အဆိုပါဝန်ကြီးဌာနက    ပြောသည်။

ဇန်နဝါရီလနှင့်   ဖေဖော်ဝါရီလတွင် ပျမ်းမျှကော်ဖီဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၇၄  ဒသမ  ၅  ဒေါ်လာရှိပြီး ယမန်နှစ်   အလားတူကာလနှင့် နှိုင်းယှဉ်လျှင်   ၇၆  ဒသမ  ၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်တွင်  ကော်ဖီတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ၆ ဘီလီယံရရှိရေး မျှော်မှန်းလုပ်ဆောင်လျက်ရှိသည်။                       

ဆင်ဟွာ