ဟနွိုင်း ဇွန် ၁၁
ဗီယက်နမ်နိုင်ငံ၌ ယခုနှစ် ပထမငါးလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅၀၀၀၀ ကျော်ရှိကြောင်း သိရသည်။ အဆိုပါအရေအတွက်မှာ ယမန်နှစ် အလားတူကာလထက် ၂ ဒသမ ၅ ဆ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဗီယက်နမ် သတင်းအေဂျင်စီက ဇွန် ၁၁ ရက်တွင် ဖော်ပြထားသည်။
ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ ပုံမှန်မဟုတ်သည့် ရာသီဥတုပုံစံများ၊ စိုထိုင်းဆမြင့်မားသည့် အခြေအနေများ၊ မကြာခဏမိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ယခုနှစ်အစပိုင်းမှစတင်၍ အေဒီးစ်ခြင်များ ပေါက်ပွားရန် သင့်လျော်သည့် ပတ်ဝန်းကျင်အခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


