၃ စက်တင်ဘာ


အမေရိကန်နိုင်ငံအခြေစိုက် အွန်လိုင်း ကုမ္ပဏီ အမေဇုန် က  ဗြိတိန်နိုင်ငံမှာ အမြဲတမ်း ဝန်ထမ်း အဖြစ် လူ ၇,၀၀၀ ကို ဒီနှစ်ကုန်ပိုင်းမှာ အလုပ်ခန့်အပ် ပေးသွားမယ်လို့ ဒီနေ့ (ကြာသပတေးနေ့)မှာ  ကြေညာလိုက်ပါတယ်။  


အမေဇုန်ရဲ့ ထုတ်ပြန်ချက်မှာ ဗြိတိန်နိုင်ငံတွင်းက လုပ်ငန်းခွင် ၅၀ ကျော်အတွက် ၂၀၂၀ ပြည့်နှစ် အကုန်ပိုင်းမှာ အလုပ် ၇,၀၀၀ ဖန်တီးပေးသွားဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံတွင်းမှာ အမေဇုန်ရဲ့ စုစုပေါင်း လုပ်သား ၄၀,၀၀၀ ကျော်ရှိ လာမှာဖြစ်ပါတယ်။  


ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပျံ့နှံ့မှုကြောင့်နိုင်ငံမှာ အသွားအလာပိတ်ဆို့ခဲ့ပြီးနောက် ဗြိတိန် ကုန်တိုက်တွေက အရောင်းဝန်ထမ်း ထောင်ချီပြီး အလုပ်မှ ရပ်ဆိုင်းခံခဲ့ရပါတယ်။ အွန်လိုင်းကနေ ဈေးဝယ်တဲ့ ယဉ်ကျေးမှု ထွန်းကားလာတဲ့အတွက် အွန်လိုင်း အရောင်းဌာနတွေမှာတော့ အလုပ်အကိုင်သစ်တွေ တိုးချဲ့လာတာကို တွေ့ရပါတယ်။ 


အမေဇုန်က ဗြိတိန်နိုင်ငံ အတွက် ဒီနှစ်အတွင်းမှာ အလုပ်အကိုင် ၃,၀၀၀ ကို ဖန်တီးပေးပြီး ဖြစ်တယ် လို့ ကုမ္ပဏီရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။  ပွဲတော်အချိန်အခါ တွေအတွက် ယာယီဝန်ထမ်း ၂၀,၀၀၀ ကျော်ကိုလည်း ဒီနှစ်အတွင်းမှာ ထပ်မံခန့်ထားဖို့ ရှိတယ်လို့ သိရပါတယ်။ 


MDN
ကိုးကား- AFP