ရန်ကုန် ၆ ဇူလိုင်
ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)ရှိ (၂ ဒသမ ၄၃၂) ဧကအကျယ်တွင်(၁၉၂၁)ခုနှစ်က အနောက်တိုင်း ဗိသုကာဟန်ရောနှော တည်ဆောက်ထားသော ၂၀ ရာစု ဥရောပပုံစံ သက်ဝင်နေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မိသားစုနေထိုင်ခဲ့သော ဗိုလ်ချုပ်ပြတိုက်ကိုဇူလို င်(၁၉)ရက်မှ စ၍(၃)ရက်တိုင် ဖွင့်လှစ်ပြသသွားမည်ဖြစ်ရာ လာရောက်ကြည့်ရှုကြသော ပြည်သူတို့အား ယမန်နှစ်ကဲ့သို့ ရေသန့်ဘူးများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နှစ်က ဖွင့်လှစ်ပြသသော(၃)ရက်တွင်ပြည်သူ(၂)သောင်းကျော်လာရောက်ကြည့်ရှုလေ့ လာခဲ့ပြီး နိုင်ငံခြားသားများလည်း လာရောက်လေ့လာခဲ့ရာ အမျိုးသားပြတိုက်ဝန်ထမ်းများနှင့် ကုမ္ပဏီများက လာကြည့်ရှုလေ့လာကြသော ပြည်သူတို့အားရေသန့်ဘူးများ ဝေငှ၍ကုသိုလ်ယူခဲဲ့ကြပြီး ယခုနှစ်အာဇာနည်နေ့တွင်လည်း ရေသန့်ဘူးများ ဆက်လက်လှူဒါန်း သွားမည်ဖြစ်ရာ အမျိုးသားပြတိုက်(ရန်ကုန်) လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုး(ဝ၉-၂၅၄၅၀ဝ၈၀ဝ)ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
ယခုနှစ်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မိသားစုနေထိုင်ခဲ့သော ဧ ည့်ခန်းကို ထိုအချိန်က ပုံစံအတိုင်းပြသသွားမည့်အပြင် ပြုပြင်နေမှုကြောင့် ပိတ်ထားသောပြတိုက် အပေါ်ထပ်ကိုလည်း တက်ရောက်ကြည့်ရှုခွင့်ရရှိမည်ဖြစ်သောကြောင့် ကြည့်ရှုသူများပြားနိုင်၍ ရေသန့်ဘူးများ ပိုမိုလှူဒါန်းခွင့်ရရှိမည်ဖြစ်သည်။
လာရောက်ကြည့်ရှုသူများ တန်းစီ၍ကြည့်ရှုရမည်ဖြစ်ရာ စောင့်ဆိုင်းနေစဉ်အတွင်း သောက်ရေ အခက်အခဲမရှိစေရန် အလှူရှင်များ လှူဒါန်းထားသော ရေသန့်ဘူးများကို ပေးဝေခြင်းဖြစ်ရာ ပြတိုက်ဝင်ပေါက်အနီးရှိ ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သော WOLSELEY ကားကို ကြည့်ရှုပြီးပါက ယခုနှစ်တွင်ဗိုလ်ချုပ်အောင်ဆန်းပုံများ ပါရှိသော တံဆိပ်ခေါင်းများကို ပြသထားသည်ဘုတ်များသို့ မကြည့်ရှုမီ အတက်လမ်းတွင် စစ်ဆေးပြီးဖြစ်သော ရေသန့်ဘူးများကို ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ကြည့်ရှုရာ၌ ဝင်ပေါက်အနီး ကားဂိုဒေါင်အတွင်း ၁၉၄၆-ခုနှစ်စက်တင်ဘာ(၂၆)ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ဒုတိ ယသဘာပတိရာထူးကို ဗိုလ်ချုပ်မှလက်ခံပြီးနောက် မူလစီးနေသော ဂျစ်ကားအမှတ်(၆၆)အစား အင်္ဂလန်နိုင်ငံထုတ် WOLSELE ကားကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတွင် ရရှိခဲ့၍ ဗိုလ်ချုပ်စီးခေဲ့ သာကားကိုဦးစွာ ကြည့်ရှုလေ့လာခွင့် ရရှိမည်ဖြစ်သည်။ ယမန်နှစ်ထက်ကြည့်ရှုသူများပြား နိုင်သောကြောင့် ရေသန့်ဘူးများကို ယမန်နှစ်ကဲ့သို့ လှူဒါန်းသွားမည်ဖြစ်ပြီး အလှူရှင်များလည်း ကုသိုလ်ယူနိုင်ကြောင်း ဗိုလ်ချုပ်ပြတိုက်မှ သိရသည်။
သန်ုးထိုက်
ဓာတ်ပုံ - သန်းစိုး


