ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့ ရုံးဝန်ထမ်းများ တတိယအကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

 

ရန်ကုန်၊ ဒီဇင်ဘာ  ၁၀

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် တတိယ အကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် အဆိုပါ စေတီတော်ဆိပ်ကမ်း လုပ်သားပေါင်းစုံဓမ္မာရုံ၌  ကျင်းပသည်။

 

စုပေါင်းသွေးလှူဒါန်းပွဲသို့ ဂေါပကအဖွဲ့၀င်များ၊ အမျိုးသားသွေးလှူဘဏ် (ရန်ကုန်) မှ ဆရာ၀န်၊ ဆရာမများ၊ သွေးလှူဒါန်းကြမည့် ဂေါပကရုံး ၀န်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ကြသည်။

   

အခမ်းအနားတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိဦးဌေးဦးက သွေးလှူဒါန်းပွဲ ကျင်းပရခြင်းနှင့် စပ်လျဥ်း၍ ကျေးဇူးတင်စကားပြောကြားသည်။

       

ယင်းနောက် သွေးလှူဒါန်းကြမည့် ဂေါပကရုံး၀န်ထမ်း (၇၀) နှင့် ဘုရားဖူးလာ ပြည်သူများ က စုပေါင်းသွေးလှူဒါန်းကြရာ   ဂေါပကအဖွဲ့၀င်များနှင့် အမျိုးသားသွေးလှူဘဏ် (ရန်ကုန်) မှတာ၀န်ရှိသူများက ကြည့်ရူအားပေးခဲ့ကြကြောင်းသတင်းရရှိသည်။

 

သတင်းစဉ်