ဗန်းမော် ၃ နိုဝင်ဘာ
ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ဗန်းမော်ခရိုင်အတွင်း ငါးထုတ်လုပ်မှုနှင့် ငါးစားသုံးမှု တိုးတက်မြှင့်မားလာစေရေးအတွက် ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြသိန်းသည် ခရိုင်ရုံးမှ ဝန်ထမ်းများလိုက်ပါလျက် ယမန်နေ့က မိုးမောက်မြိုနယ်ရှိ မန်နောင်အင်းသို့ သွားရောက်၍ လက်ရှိ အင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် အင်းနယ်နမိတ်ကျောက်တိုင်များအား စစ်ဆေး ခဲ့သည်။
ထို့နောက် ဗန်းမော်မြို့နယ်ရှိ သုတေသနအင်းဖြစ်သည့် မြောင်အင်းသို့သွားရောက်၍ လက်ရှိ အင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းဆွေးနွေးပြီး မြောင်အင်း၏ ရေအရည်သွေးများအား တိုင်းတာစစ်ဆေးခဲ့ရာ ရေအရည်အသွေးကောင်းမွန်ပြီး ငါးပေါက်ပွားနှုန်းကောင်းမွန်သော်လည်း ငါးများနေထိုင်ပေါက်ဖွားရာ ငါးနေ ငါးထိုင်နေရာများ နည်းပါးကြောင်းတွေ့ရသဖြင့် အင်းသူကြီးအား ငါးထုတ်လုပ်မူမကျဆင်းရေးအတွက် လိုအပ်သည့်အကြံဉာဏ်များ ပေးခဲ့ကြောင်း သိရသည်။
ငါးလုပ်ငန်းဦးစီးဌာန