ဗန်းမောက် ၄ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ၊ မရှိ ဩဂုတ် ၄ ရက် နံနက် ၁၀ နာရီခွဲက ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနတွင် ကျောင်းသူ နှစ်ထပ်အိပ်ဆာင်သစ် ဆောက်လုပ်နေမှုကို ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဌေး၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Third party အဖွဲ့ဝင်များက ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာတွင် အဆင်ပြေစေရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ခွင်ပြုရန်ပုံငွေကျပ် သန်း ၂၀၀ ဖြင့် အောင်မြင်အေးချမ်းသာကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေ သည့် အလျား ပေ ၁၀၀၊ အနံ ပေ ၃၀၊ အမြင့် ၂၄ ပေ သွပ်မိုး၊ RC နှစ်ထပ်ကျောင်းဆောင် တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ကြိုးပမ်းဆာင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ အောင်မြင်အေးချမ်သာ ကုမ္ပဏီက ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည် ဆောက်နေသည့် ကျောင်းသူနှစ်ထပ်အိပ်ဆောင်မှာ ၈၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီး စီးနေပြီဖြစ်သည်။ အဆိုပါ ကျောင်းဆောင် သစ် တည်ဆောက်ပြီးစီးသွားပါက ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာသင်ကြား နိုင်မည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်း ထံမှ သိရသည်။
ကျော်စွာ(ဗန်းမောက်)