ရမည်းသင်း ဇန်နဝါရီ ၁၂

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပုတီးကုန်းကျေးရွာ အေးရိပ်မွန်ဘုန်းတော်ကြီးကျောင်းတိုက်တွင် ဇန်နဝါရီ ၁၀ ရက်က နဝမအကြိမ် ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ပုတီးကုန်းကျေးရွာမှ ကျောင်းသား ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို အဆိုပါ ကျောင်းတိုက်မြက်ခင်းပြင်ဆုပေးမဏ္ဍပ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်မြို့ ဘယဝိသုဒ္ဓိကျောင်းတိုက်ဆရာတော် ဦးမာဃိန္ဒ၊ ရမည်းသင်းမြို့ ရွှေဗူးတောင်ကျောင်းတိုက်ဆရာတော် ဦးဇောတိကတို့က ချီးမြှင့်သောဩဝါဒကထာကိုခံယူကြသည်။

 

ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ နဝမအကြိမ် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာစာမေးပွဲတွင် ပုတီးကုန်းကျေးရွာမှ ကျောင်းသား ကျောင်းသူများသည် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ Top 1 အဆင့်တို့တွင် ၆၉ ဦးအောင်မြင်ကြသည်ဖြစ်ရာ နာယကဆရာတော်များနှင့် ရပ်မိရပ်ဖများက ထပ်ဆင့်ချီးမြှင့်ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်သန်းတင့်