ရန်ကုန်   မတ်   ၂၉ 

 

စာကြည့်တိုက် ထိန်းသိမ်းနည်းနှင့် စာကြည့်တိုက်မှူးသင်တန်း အမှတ်စဉ်() သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း သင်တန်းကျောင်းခန်းမ၌ကျင်းပသည်။

 

အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်လင်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါသင်တန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ  တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်းများနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများတွင် တာဝန်ထမ်း ဆောင်နေကြသော စာကြည့်တိုက် တာဝန်ခံများကို အရည်အချင်းပြည့်ဝစေရေးနှင့်  စာကြည့်တိုက် ပညာရပ်များကို  စဉ်ဆက်မပြတ်လေ့လာဆည်းပူး နိုင်ရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွည်၍ အဆိုပါသင်တန်းကို မတ် ၄   ရက်မှ  မတ် ၂၉ ရက်အထိ ရက်သတ္တပတ်     ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။  

(သတင်းစဉ်)