ရန်ကုန် ဩဂုတ် ၂၄

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်(၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် (ဒုတိယနေ့) စာပေဟောပြောပွဲကို ယနေ့နံနက် နာရီ ခွဲတွင်၊ ရန်ကုန်မြို့၊ ကျောက်တံတားခရိုင်၊ ကုန်သည်လမ်းနှင့်(၃၇)လမ်းထောင့်ရှိ စာပေ ဗိမာန်ခန်းမ၌ ဆက်လက်ကျင်းပရာ ဟောပြောပွဲသို့ စာရေးဆရာကြီးများ၊ ဆရာမကြီး များ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာပေဝါသနာရှင်များ၊ စာပေ ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာတည်းမှူးချုပ်ဦးတိုးကျော်က စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအခမ်းအနား ကျင်းပရန်အတွက် ဆောင်ရွက်နေမှု များနှင့် စာပေဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ နံနက်ပိုင်း စာပေဟောပြောပွဲကိုကျင်းပရာအဆင့်အတန်းမြင့်သော စွယ်စုံကျမ်း ပြုစုထုတ်ဝေခြင်း” ခေါင်းစဉ်ဖြင့် ဆရာ ဦးအေးကျော်မင်း(မြန်မာစာ၊ မြန်မာစကား သုတေသီ) ဆရာ ဦးကျော်ဦး (ပါရမီစာပေ) ဆရာ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း) တို့က ဟောပြောကြပြီး မွန်းလွဲပိုင်း စာပေဟောပြောပွဲတွင်စာပေဗိမာန် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်ဖြင့် ဆရာ ဦးမောင်လှိုင် (မောင်ဆွေငယ်) ဆရာမ ဒေါ်ချိုချိုတင် (မစန္ဒာ) ဆရာဦးညွန့်ဟံ (ကြူတော) တို့က ဟောပြောကြသည်။

 

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က ကျေးဇူးတင်စကား ပြောကြားသည်။

 

ယနေ့ကျင်းပသည့် စာပေဟောပြောပွဲသည်၊ ၁၉၄၇ ခုနှစ်၊ ဩဂုတ် ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာန၏ စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုကျင်းပခြင်းဖြစ်ပြီး အဆိုပါ စာပေဗိမာန် (၇၅)နှစ်ပြည့် စိန်ရတု အခမ်းအနားကို ဩဂုတ်(၂၆)ရက်တွင် စာပေဗိမာန်၌ ခန့်နားထည်ဝါစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)