ရန်ကုန် ၂၆ ဇူလိုင်
ပြည်သူလူထု အကျိုးရှိစေမည့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်ကို အမှတ် ၅၂၉/ ၅၃၁၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ် စာပေဗိမာန်ရုံးအဆောက်အအုံ၌ ၁၉၅၆ ခုနှစ်၊ မတ်လ (၁၃) ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
“အမှောင်ခွင်း၍အလင်းဆောင်အံ့” ဟူသော ဆောင်ပုဒ်သည် စာပေဗိမာန်၏ ဆောင်ပုဒ်ဖြစ်သည်။ ထိုဆောင်ပုဒ်အတိုင်း ပြည်သူပြည်သားများ အသိပညာ တိုးပွားစေရန်နှင့် မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းတွင် အထောက်အကူဖြစ်စေရန် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်သည်လည်း ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်လျက်ရှိ ပါသည်။
စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်၏ ရည်ရွယ်ချက်မှာ ပြည်သူတို့ ဗဟုသုတဖြစ်စေရန်နှင့် စာဖတ်အလေ့အကျင့် တိုးပွားစေရန်လည်းကောင်း၊ အတွေးအခေါ် ရင့်သန်လာ၍ ဉာဏ်အမြော်အမြင် ကြီးမားလာစေရန်လည်းကောင်း၊ ပြည်သူပြည်သားကောင်းများ ပေါ်ထွက်လာစေရန်လည်းကောင်း၊ ရည်ရွယ်လျက် ပြည်သူ့စာကြည့်တိုက်နှင့်အညီ သုတရသစာအုပ်မျိုးစုံကို စုဆောင်းထိန်းသိမ်းပြီး ဝန်ဆောင်မှုပေးလျက်ရှိသည်။
သုတရသ မြန်မာစာအုပ်စုစုပေါင်း (၆၁၆၈၄) အုပ်၊ အင်္ဂလိပ်စာအုပ် (၂၃၀၆၆) အုပ်တို့၏ ဒေတာကက်တလောက်များကို Electronic Library Management System ဖြင့် ချိတ်ဆက်ထည့်သွင်းထားသည်။ ထို့အပြင် ပညာရပ်ဆိုင်ရာ e-book စာအုပ် (၂၀ဝဝဝ)ကျော်ကိုလည်း Local Network ချိတ်ဆက်ထားသဖြင့် စာကြည့်တိုက်အတွင်း ဖတ်ရှုနိုင်စေရန်နှင့် အင်တာနက် wifi အခမဲ့အသုံးပြု ခွင့်ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားသည်။ စာနယ်ဇင်းမျိုးစုံနှင့် နေ့စဉ်သတင်းစာမျိုးစုံတို့ကို ဖတ်ရှု နိုင်ရန် ဝန်ဆောင်မှု ပေးလျက်ရှိသည်။
သမားရိုးကျ ကက်တလောက်စနစ်နှင့် Electronic စနစ်နှစ်မျိုးစလုံးဖြင့် စာဖတ်သူများလိုအပ်သော အကြောင်းအရာ၊ အချက်အလက်၊ စာအုပ်စာတမ်းများကို အချိန်တိုတိုအတွင်း လျင်မြန်စွာရှာဖွေ ငှားရမ်း ဖတ်ရှုနိုင်ရန်နှင့် ကျောင်းသူ ကျောင်းသားများ၊ စာတမ်းပြုစုသူများ၊ သုတေသနပြုသူ စာပေသုတေသီများ အတွက် ခိုင်မာသောအကိုးအကားများ အသုံးပြုနိုင်စေရန် ရည်ညွှန်းစာအုပ်များကိုလည်း အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေပြီး လိုအပ်သော အစိတ်အပိုင်းများကို မိတ္တူကူးယူခွင့် ဝန်ဆောင်မှုပေးလျက်ရှိ ပါသည်။
ကလေးသူငယ်များ စာဖတ်အလေ့အကျင့်ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်လာနိုင်စေရန် ကလေးစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ထားရှိသည်။
စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်ရှိ သုတရသစာအုပ်များကို ငှားရမ်းဖတ်ရှုမည်ဆိုပါလျှင် စာကြည့်တိုက်အငှားကတ် ပြုလုပ်ရမည်ဖြစ်ပြီး အသင်းဝင်လျှောက်လွှာပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူ(၁)စောင်၊ လိုင်စင်ဓာတ်ပုံ (၂)ပုံဖြင့် အသင်းဝင်နိုင်သည်။
စာကြည့်တိုက်ဖွင့်လှစ်ချိန်ကို တနင်္လာနေ့ မှ သောကြာနေ့အထိ နံနက် ၉:၃၀ နာရီ မှ ညနေ ၄ နာရီအထိလည်းကောင်း၊ စနေနေ့တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ လည်းကောင်း ဖွင့်လှစ်ထားရှိသည်။
စာကြည့်တိုက်အသင်းဝင် အမျိုးအစားများကို အောက်ပါအတိုင်းအသင်းဝင်နိုင်ပါသည်-
သတင်းစဉ်


