ရန်ကုန်  ၄ ဇူလိုင်  


၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူပြိုင်ပွဲတွင် ဘာသာပြန်စာမူဆုအတွက် "MATTHEW  KIERAN" တည်းဖြတ် သည့် "MEDIA ETHICS" စာအုပ်မှ  "Journalism and ethics can they co-exist?"၊ "objectivity, impartality and good  journalism"၊  "Journalism,  politics  and public  relations:  an  ethical  appraisal"၊ "Sex  and  violence  in fact and fiction"၊  "Censorship  and  the  media"   အခန်းငါးခန်းကို ထုတ်နုတ်၍ ပြဋ္ဌာန်းလိုက်သည်။  (Suggested  Readings များကို  ပြန်ဆိုရန် မလိုပါ) ယင်းစာအုပ်ကို ရန်ကုန်မြို့ရှိ ကုန်သည်လမ်း၊ အမှတ် (၅၂၉-၅၃၁)၊ စာပေဗိမာန်အရောင်းဆိုင်၊  ဖုန်း-ဝ၁-၃၈၁၄၄၈၊ နေပြည်တော်ရှိ သပြေကုန်းအရောင်း ဆိုင် ဖုန်း  ဝ၆၇-၃၄၀၄၁၆၈၊  မန္တလေးမြို့    ၈၆  လမ်း၊  ၂၁x၂၂  ကြား၊  အောင်မြေသာစံမြို့နယ်ရှိ  စာပေဗိမာန်စာအုပ်အရောင်းဆိုင်  ဖုန်း  ဝ၂-၄၀၃၀၁၈၆  တို့တွင် တန်ဖိုးငွေကျပ် ၇၀ဝ ဖြင့် ဇွန်လ တတိယပတ်မှ စတင်ရောင်းချလျက်ရှိရာ ဝယ်ယူပြန်ဆို၍  ပြိုင်ပွဲဝင်နိုင်ကြောင်း သိရသည်။


ပြိုင်ပွဲဝင် စာမူတင်သွင်းရာတွင် သတ်မှတ်ထားသည့်ပြိုင်ပွဲဝင်ပုံစံဖြင့် တင်သွင်း ခြင်းကိုသာ လက်ခံမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ပုံစံနှင့် စည်းကမ်းချက်များကို စာပေ ဗိမာန်ရုံးတွင်  ငွေကျပ်  ၂၀ဝ  ဖြင့် ဝယ်ယူနိုင်ပြီး နယ်မှပြိုင်ပွဲဝင်လိုသူများသည် စာအုပ်တန်ဖိုးနှင့် စာအုပ်ပို့ခအပါအဝင်  စုစုပေါင်းငွေကျပ်၂၅၀ဝ ကို ငွေပို့လွှာဖြင့်  ဥက္ကဋ္ဌ၊ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှု ကော်မတီ၊  စာပေဗိမာန်ရုံး၊  အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၃၈၁၄၄၉  သို့  လိပ်မူ၍  မှာယူနိုင်သည်။  ပြိုင်ပွဲဝင်စာမူကို  ၂၀၁၉ ခုနှစ်  ဩဂုတ် ၃၁ ရက် နောက်ဆုံးထား၍  အထက်ဖော်ပြပါ  လိပ်စာအတိုင်းလိပ်မူ၍  ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။


သတင်းစဉ်