ပွင့်ဖြူ ၂၇ နိုဝင်ဘာ        

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Covid–19 ရောဂါ ဖြစ်ပွား နေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့် စာဖတ်တတ်သူတိုင်း စာပေအသိပညာ တိုးပွားစေရေးအတွက် ရည်ရွယ်ကာ  မြို့နယ်ပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် သုတရသစာအုပ် စာဖတ်အညွှန်း မိတ်ဆက်ခြင်း အစီအစဉ်အား နိုဝင်ဘာ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သုတရသစာအုပ် စာဖတ်အညွှန်း မိတ်ဆက်ခြင်း အစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်းပြီး မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် ပြည်သူများ စာပေအသိပညာ တိုးပွားစေရေးအတွက် ရှာဖွေဖတ်ရှုနိုင်ရန် စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်နေကြောင်း သိရကာ ယခုတစ်ပတ်တွင် မြို့နယ် (Book Club)အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆရာမ ဒေါ်မြင့်မြင့်အေး က စာရေးဆရာမ ရတနာ ရေးသားသည့် “ဘာသာပြန်စာပေနှင့် သူတို့ဘဝ သူတို့အကြောင်း စာအုပ်အား စာပေဝါသနာရှင်များ ရှာဖွေဖတ်ရှုနိုင်ရန် စာဖတ်အညွှန်း မိတ်ဆက်ခြင်း အစီအစဉ်အဖြစ် မျှဝေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

 

စာရေးဆရာမ ရတနာ ရေးသားသည့် “ဘာသာပြန်စာပေနှင့် သူတို့ဘဝ သူတို့အကြောင်း  စာအုပ်တွင် စာရေးဆရာများ၏ စာပေဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် တွေ့ကြုံရသည့် စာပေအသိပညာ ဗဟုသုတများ၊ စာပေ၏ ထိရောက်သော အကျိုးဇူးများအကြောင်းနှင့် စာပေဆိုင်ရာ သုတရသ သိမှတ်ဖွယ်ရာများ ပါဝင်ကြောင်း သိရသည်။ 

 

အဆိုပါ စာဖတ်အညွှန်းမိတ်ဆက်ခြင်း အစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် (Online Page) မှ တစ်ဆင့် အများပြည်သူ လေ့လာဖတ်ရှုနိုင်ရန် အပတ်စဉ် ကြာသာပတေး နေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် က ပြောသည်။

ရဲဝင်းနိုင် (ပြန်/ဆက်)