ရန်ကုန် အောက်တိုဘာ ၂၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် တာဝန်ထမ်း ဆောင်နေသောဝန်ထမ်းများ စာရေးဝန်ထမ်းလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂/၂၀၂၃) ဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ရုံးချုပ်၊ မြေညီထပ်စု ဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားသည်။
ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ စီမံလုပ်ငန်းများနှင့်ပတ်သက်၍ ခေါင်းဆောင်မှုပညာ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်၊ရုံးလုပ်ငန်းစနစ်နှင့် ရုံးစာရေးသားနည်းတို့ကို စနစ်တကျအသုံးwwပြုပြီး လုပ်ငန်းတာဝန် များထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသူ၊ သင်တန်းသား(၂၅) ဦးဖြင့် ရက်သတ္တပတ် (၂ )ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)