ဇေယျာသီရိ ဩဂုတ် ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဆီကုန်သည်အသင်း ဝင်များဖြင့်ပူးပေါင်း၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့သွားရောက်၍ ယနေ့ နံနက်ပိုင်းမှ စတင်ကာဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိသည်။
အဆိုပါရောင်းချမှုတွင် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စောမာလာနွယ်၊ ပျဉ်းမနားမြို့ အဟာရသုခဈေးမှ ဆီကုန်သည်အသင်းဝင် ဦးပြည့်ဖြိုးအောင် (ကိုပြည့်ဖြိုးအောင်+မနန်းနေခြည်ဦး)ဆီပွဲရုံမှ ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက်သို့ သွားရောက်၍ ပြည်သူများအား မီးဖိုချောင်သုံးဆီဈေးနှုန်းသက်သာစွာဖြင့် စားသုံးသူ လက်ဝယ်အရောက် ရောင်းချပေးလျက်ရှိရာ စားသုံးဆီတစ်ပိသာ ငွေကျပ် ၃၉၀၀ နှုန်းဖြင့် တစ်ဦးလျှင် တစ်ပိသာနှုန်း စုစုပေါင်း ဆီပိသာချိန် ၆၆၀ ရောင်းချပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)