နေပြည်တော် ဒီဇင်ဘာ ၂၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်တွင် TOYOTA HIACE ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၈ ကီလိုကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၀ နာရီတွင် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၈၉ လမ်း၊ ၁၂ x ၁၄ လမ်းကြားရှိကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ မနန်းသောရီ(ခ)နန်းစောရီကို စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၄၅ ဒသမ ၅ ကီလိုကိုလည်းကောင်း။
ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာရီခွဲတွင် မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာအနီးတွင် သန်းဇော် မောင်းနှင်ပြီး ချစ်လွင် လိုက်ပါလာသည့် မော်တော်ဆိုင် ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၆,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်