စစ်ကိုင်း  ၃၀  နိုဝင်ဘာ

စစ်ကိုင်းမြို့၊ မီးရပ်ကွက်ရှိ အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဒုတိယအကြိမ် အခြေခံစားသောက်ကုန်းများ လှူဒါန်းပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရပ်ကွက်တွင် ကျန်းမာရေးနှင့်အညီ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ဒီ မီးရထားရပ်ကွက်မှာရှိတဲ့ ပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်းမှာ ဒုတိယအကြိမ်မြောက် အိမ်ထောင်စု(၁၂၀)ကို တစ်အိမ်ထောင်လျှင် ဆန် (၂)ပြည်၊ ဆီတစ်ဘူး၊ ကြက်ဉ (၁၂)လုံး၊ ငါးသေတ္တာ(၁)ဘူးနဲ့ အသင့်စားခေါက်ဆွဲတွေကို လှူဒါန်းပေးခြင်း ဖြစ်ပါတယ်၊ ဒီအချိန်မှာ ရပ်ကွက်နေပြည်သူတွေအတွက်လည်း တစ်ဖက်တစ်လှမ်းကနေ စားဝတ်နေရေးအတွက် အထောက်အကူပြု စေမှာ ဖြစ်ပါတယ်"ဟု မီးရထားရပ်ကွက် ရွာထောင်ဘူတာ တိုင်း(၂)သွားလာရေး မန်နေဂျာ ဦးသန့်ဇင်ထွန်းက ပြောသည်။

စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ငွေများ စဉ်ဆက်မပြတ် ထောက်ပံ့လှူဒါန်းနေသလို သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ အလှူရှင်များကလည်း မိမိတို့နှင့် သက်ဆိုင်သည့် ရပ်ကွက်များတွင် တက်အားသရွေ့ ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်း (ပြန်/ဆက်)