စစ်ကိုင်း ၁၂ မေ
စစ်ကိုင်းမြို့၌ စီးပွားရေးဆိုင်ရာနှင့် ပတ်သက်သော အသိပညာ၊ ဗဟုသုတများ တိုးတက်ပြန့်ပွားစေရန်နှင့် မြန်မာ့ SME အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက HAPPY HOTEL ပဉ္စမထပ်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြကြာနွယ် ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးသူရကျော်က ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ထို့နောက် လူငယ်လုပ်ငန်းရှင်များကိုယ်စား ဒေါက်တာ ချမ်းငြိမ်းကိုကိုက အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ Mr. Pietro Luca Borsano က "Future Development of SME In Myanmar" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးဝင်း (စစ်ကိုင်း)