စစ်ကိုင်း ၈  စက်တင်ဘာ

 

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ စစ်ကိုင်းမြို့ ဘော်ဂါရပ်ကွက်ရှိ ကျောက်စိမ်းပုတီးဝိုင်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် နေရာများသို့ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် ယမန်နေ့ ညနေပိုင်းက နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

 

" ကျွန်တော်တို့ ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့ဝင်များအနေနဲ့ စစ်ကိုင်းမြို့ပေါ်မှာ နေအိမ်ပြင်ပ မဖြစ်မနေ ထွက်လာသူ ပြည်သူတွေကို နှာခေါင်းစည်းများ တပ်ဆင်သွားလာကြစေရန် အသိပညာပေး နှိုးဆော်ပေးပြီး နှာခေါင်းစည်းတွေကိုလည်း အခမဲ့ဖြန့်ဝေပေးနေတာပါ။ အခုလည်း ဒီကျောက်စိမ်း ပုတီး လုပ်ငန်းဆောင်ရွက်နေကြတဲ့ ပြည်သူတွေကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို စနစ်တစ်ကျ လိုက်နာနိုင်အောင် အသိပညာပေး ဆောင်ရွက်ပေးပြီး နှာခေါင်းစည်းတွေတပ်ဆင်ကြဖို့/ လက်သန့်ဆေးရည်များ မကြခဏဆေးကြော သွားကြဖို့ တိုက်တွန်းနှိုး ဆော်ပေးတာပါ " ဟု မြို့နယ်ကြက်ခြေနီ အသင်းခွဲတာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

 

စစ်ကိုင်းမြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ပရဟိတအဖွဲ့များ က နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း၊ လက်ဆေးရည်များ ဆေးကြော စေခြင်းတို့ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 

ဇော်မြင့်နိုင် (စစ်ကိုင်းခရိုင်ပြန်/ဆက်)