စစ်ကိုင်း ၂၂ ဇွန်
စစ်ကိုင်းမြို့နယ် သာဒွန်ရွာဘိုးဘိုးကြီး နတ်ပွဲတွင် ဝက်သားဖြင့် နတ်တင်သည့် နတ်ပွဲကို ယနေ့ ဇွန်လ ၂၂ ရက် ၂ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နတ်ပွဲတွင် ဗြုန်းစပ် ဟုခေါ်သော ဝက်သား၊ ရွှေဖရုံသီး၊ ဆန်ဖြင့် ရောနှောကျိုချက် ထားသည့် ဆန်ပြုတ်နှင့် ပူဇော်ပသ ဆုတောင်းကြသည်။

သာဒွန်ရွာဘိုးဘိုးကြီးနတ်ပွဲကို နှစ်စဉ် နယုန်လပြည့်ကျော် ၅ ရက် ရောက်တိုင်းကျင်းပပြုလုပ်လေ့ရှိပြီး မြင်းဖြူစီး နတ်သုံးပါးကို ပူဇော်ပသခြင်း ဖြစ်သည်။
နတ်ပွဲကို သာဒွန်ရွာအနီးအနားရှိ ရွာများသာမက မန္တလေးမြို့ရှိ အောင်ပင်လယ်၊ ထွန်းတုံး၊ ကန်ကောက်၊ တောင်မြို့၊ တမ္ပဝတီရပ်ကွက်များမှလည်းကောင်း၊ စစ်ကိုင်းရှိ ဒေါင်းမ၊ ကြွက်လူရပ်ကွက်များ မှဒေသခံများပါ ပါဝင်ဆင်နွဲကြသည်။

မြန်မာနိုင်ငံတွင် အထူးထူးသော၊ အမျိုးမျိုးသော နတ်ပွဲများကျင်းပကြပြီး ယခုကျင်းပသည့် သာဒွန်ရွာနတ်ပွဲတွင် ဝက်သားကို အဓိကထား နတ်တင် ပူဇော်ကြသည်။
သတင်း နှင့် ဓါတ်ပုံ - သူရိန်လင်း