စစ်ကိုင်း ၁၈ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား COVID-19 Economic Relief Plan CERP Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရန် အတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် ၁၈ ရက် နံနက် ၁၀ နာရီက ငါးလုပ်ငန်းဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများက ငါးသောက်ပေါက်များကို ပေးအပ်ရာ ငါးမွေး တောင်သူများက လက်ခံပေးခဲ့ကြသည်။
“စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်မှာတော့ ငါးမွေးတောင်သူက တစ်ဦးတည်းရှိပါတယ်။ မွေးမြူတဲ့ ဧရိယာကတော့(၃ ဒသမ ၄၉)ဧကပါ အခုထောက်ပံ့ပေးတာကတော့ ငွေကျပ်(၁၃၉၆၀၀)နဲ့ ညီမျှတဲ့ ငါးသားပေါက် ကောင်ရေ(၆၉၈၀)ကို ထောက်ပံ့ပေးတာပါ” ဟု ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအယ်လ်တူးရိန်က ပြောပြ၍ သိရသည်။
ဇော်မြင့်နိုင်(ခရိုင်ပြန်/ဆက်)