စစ်ကိုင်း ၂၇ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ကြီးမှူး၍ (ပထမ)အကြိမ် ကျောက်မျက်ရတနာအချောထည်နှင့် ကျောက်စိမ်းတွဲများ ရောင်းချပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခရိုင်ချင်းဆက်လမ်းရှိ ထက်ကျော်ကိုယ်ပိုင် အထက်တန်းကျောင်းဝင်းအတွင်း ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)ဥက္ကဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ကျောက်စိမ်းတွဲများကို ကြည့်ရှုအားပေးခဲ့ ကြသည်။
ဆက်လက်၍ အလှူငွေများကို ပေးအပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့်စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးကျော်ဝင်းလှိုင်တို့က လက်ခံရယူပေးခဲ့ကြသည်။
အဆိုပါရောင်းချပွဲကို သြဂုတ်(၂၇)ရက်မှ စက်တင်ဘာ(၁)ရက်နေ့အထိ လေလံစနစ်ဖြင့်ရောင်းချပေး သွားမှာဖြစ်ပြီး ကျောက်မျက်ကုမ္ပဏီ(၁၀ဝ)ကျော်တို့က ကျောက်စိမ်းအတွဲ(၂၀ဝ၀)ကျော်တွဲ ရောင်းချသွားမှာ ဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းခရိုင်ပြန်/ဆက်


