စစ်ကိုင်း  ၂၈  ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၁၇) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(စစ်ကိုင်း) အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (စစ်ကိုင်း)မှ မြို့နယ်အတွင်း ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် သွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရန် အသိပညာပေးခြင်းများကို ဩဂုတ် ၂၈ ရက် နံနက် ၈ နာရီက မြို့မဈေးအရှေ့ဘက်နှင့် တောင်ဘက်လမ်းမကြီး တစ်လျှောက်တို့၌ ပြုလုပ်ခဲ့ကြသည်။

 

အဆိုပါအဖွဲ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု(စစ်ကိုင်း)မှ ဒုရဲမှူး ဝင်းကိုကိုနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်း မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ယာဉ်မောင်းသူများအား ၂၀၂၀ မော်တော်ယာဉ်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆိုင်ကယ်စီးပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင် သွားကြစေရန်နှင့် နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာနေသူများအား ပညာပေးကာလကျော်လွန်နေပြီ ဖြစ်သည့်အတွက် အရေးယူခြင်း ခံရနိုင်ကြောင်းကို အသိပညာပေးများ နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။

မျိုးဝင်း(ပြန်/ဆက်)