စစ်ကိုင်း ဇွန် ၁၀
စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၁၁/ ၂၀၂၄) ကျောင်းသား ကျောင်းသူများအား ကြိုဆိုပွဲကို ဇွန် ၁၀ ရက် နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ မြဧရာခန်းမ၌ ပြုလုပ်ရာ စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ PPTT အမှတ်စဉ်(၁၁/ ၂၀၂၄)တွင် ကျောင်းသား ကျောင်းသူ စာရင်းရှိ ၁၁၂ ဦးဖြစ်ပြီး လက်ရှိ တက်ရောက် ကျောင်းသား ကျောင်းသူ ၁၀၅ ဦးရှိကြောင်းနှင့် လေးနှစ်ပုံမှန်သင်တန်း တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူ ၄၁၀ မှာလည်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)


