စစ်ကိုင်း  ၂၇  ဩဂုတ်

 

စစ်ကိုင်းပညာရေး ကောလိပ်တွင် အလျား ပေ ၇၀၊ အနံပေ ၃၀ ရှိ ICT သုံးထပ် စာသင်ဆောင် တိုးချဲ့ဆောက်လုပ်လျှက်ရှိရာ ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

" ကျွန်မတို့ စစ်ကိုင်းပညာရေးကောလိပ်မှာ မူလက သင်တန်းသားဦးရေ ၄၀၀ လောက်သာ ပညာသင်ကြား လျက်ရှိပါတယ် ၂၀၁၆- ၂၀၂၁ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအရ ICT သုံးထပ်စာသင်ဆောင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် အမေ့နန်းတော် ကုမ္ပဏီက နေ ကျပ်သန်း ၂၀၀ နဲ့ တင်ဒါအောင်ပြီး တာဝန်ယူ ဆောက်လုပ်နေပါတယ် ယနေ့ထိဆို ၇၅ ရာခိုင်နှုန်း ကျော်ပြီးစီးနေပါပြီ။ ဒီအဆောက်အဦကြီး ရာနှုန်းပြည့် ပြီးစီးသွာပါက ကျောင်းသား/ ကျောင်းသူ ၈၀၀ တို့အား အေးချမ်းစွာ ပညာသင်ကြား နိုင်ကြတော့မှာ ဖြစ်ပါတယ် " ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြတ်ခိုင် က ပြောပြ၍ သိရသည်။

 

စစ်ကိုင်း ပညာရေးကောလိပ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် လုပ်ငန်းခွင်အကြို ဆရာအတက်ပညာ ဒီပလိုမာသင်တန်း သင်ရိုးဟောင်း သင်တန်းသားဦးရေ ၁၆၀ နှင့် လေးနှစ်သင် ပညာရေး ကောလိပ် ပထမနှစ် သင်တန်းသား ၉၂ ဦး စုစုပေါင်း ၂၅၂ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

ဇော်မြင့်နိုင်