စစ်ကိုင်း ဇွန် ၄
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄၊ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီး၏ (ပထမပညာသင်ကာလ) ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် (ဒုတိပညာသင်ကာလ) သတင်းပို့လက်ခံခြင်းကို မေ ၂၃ ရက်မှစ၍ လက်ခံခဲ့ပြီး ဇွန် ၃ ရက်တွင် ကျောင်းစတင်ဖွင့်လှစ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်တန်း)၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် တာဝန်ရှိသူများက စာသင်ကြားနေမှုနှင့် ကျောင်းတက်ရောက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကာ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။
စစ်ကိုင်းပညာရေး တက္ကသိုလ်အနေဖြင့် ဇွန် ၃ ရက်အထိ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၂၄၄၁ ဦးရှိပြီး လက်ရှိကျောင်းတက်ရောက်သူ ၅၁၀ ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)