မုံရွာ ၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းဝတ်စုံနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလေးစိုးက ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ တပ်ဖွဲ့ဝင်သားသမီးများဖြစ်သော တက္ကသိုလ်ကျောင်းသား/သူ (၃)ဦး၊ အခြေခံပညာအထက်တန်းကျောင်းသား/သူ(၄)ဦး၊ အလယ်တန်းကျောင်းသား/သူ (၁၅)ဦးနှင့် မူလတန်း အဆင့်ကျောင်းသား/သူ(၂၁)ဦးတို့အား ကျောင်းဝတ်စုံများနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းဝတ်စုံနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့်ဇနီး၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်နှင့်ဇနီး၊ အရာရှိကြီးများ၊ တပ်ဖွဲ့ဝင်များ၊ မိသားစုများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


