ရွှေဘို ၇ ဇူလိုင်

 


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ယနေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်သော ဆန်စပါးကုန်စည်ဒိုင်(ရွှေဘို) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့်အတူ ဆန်စပါးကုန်စည်ဒိုင်(ရွှေဘို)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

dgwer

 

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထားသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ရွှေဘိုခရိုင်အတွင်း စပါး၊ ဆီထွက်သီးနှံ၊ ပဲ၊ အခြားသီးနှံ စိုက်ပျိးမှုမှာ အများဆုံးဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်းဆန်သည် ပြည်တွင်းသာမက ပြည်ပသို့တင်ပို့နိုင်သည်အထိ အရည်အသွေးကောင်းမွန်ပါကြောင်း၊ တောင်သူများ ဆန်စပါးအထွက်နှုန်း ကောင်းမွန်စေရန်နှင့် အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေး ဆန်စပါးကုန်သည်ကြီးများမှ အသိပညာပေးခြင်း၊ ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေးနှင့် ဈေးကွက်ကောင်းမွန်စွာရရှိရေး ဆန်စပါးကုန်သည်ကြီးများမှ ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

bherth

 

ထို့နောက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဒုတိယဥက္ကဋ္ဌ၊ ဆန်စပါးကုန်စည်ဒိုင်(ရွှေဘို)အသင်း ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ဆန်စပါးကုန်စည်ဒိုင်(ရွှေဘို) ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)