မုံရွာ ၃၀ ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့်အတူ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီက ရွှေဘိုမြို့ပေါ်ရှိ မြို့ဝင်/ထွက် မြောင်းကြီးဂိတ်နှင့် ရွှေဘိုမြို့ဝင်ဂိတ်တို့တွင် COVID-19  ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် အရပ်ဘက် စေတနာရှင် လူမှုအဖွဲ့အစည်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး အဆိုပါဂိတ်များတွင် ကျန်းမာရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ခရီးသွားရာဇဝင်များ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ ကျန်းမာရေးသုံး ထောက်ပံ့ရေးပစ္စည်းများအဖြစ် Face Shield (၂၀၄)ခုကို တာဝန်ရှိသူထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘိုမြို့ရှောင် ကွန်ကရစ်နှစ်လမ်းသွား အကျယ် ၂၄ ပေ၊ အမြင့် ၁၁ လက်မ၊ အရှည်(၆)မိုင်ခန့် ဖောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အဆိုပါလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)