မုံရွာ ၁၄ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများသည် ယနေ့ နေ့လယ်ပိုင်းက မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ သလ္လာဝတီ ဆိပ်ကမ်းနားလမ်း တာရိုးပေါ်ရှိ လူသွားစင်္ကြံ ပေ(၁၀၀)ခန့် ကျွံကြမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ လူသွားစင်္ကြံပေ (၁၀၀) ခန့်အား ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေးကို အထူးအလေးထား၍ ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အားလုံးပူးပေါင်းဆောင်ရွက်ပေးရန် မုံရွာမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)