မုံရွာ ဧပြီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက် ၁၃၈၃ ခုနှစ်၊ (၂၀၂၂ ခုနှစ်) မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် င်္ကြန်အကျနေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ သယံဇာတရေးရာဝန်ကြီးဌာန ပိတောက်ရွှေဝါမဏ္ဍပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၁ နှင့် ၂ မဏ္ဍပ်များသို့ ရောက်ရှိကာ မဏ္ဍပ်များမှ ယိမ်းအက လှပျိုဖြူများ၏ ကပြဖျော်ဖြေမှု၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များ၏ သီဆိုမှုတို့ကို အားပေးပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြင့်ကာ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။ 

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြပြီး ယိမ်းအကလှပျိုဖြူများ၊ ရုပ်ရှင့်နှင့် ဗီဒီယိုသရုပ်ဆောင်များက အကအလှများဖြင့် သီဆိုဖျော်ဖြေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကာ ယိမ်းအကဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဇနီး၊ တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများက အတာရေများ ပက်ဖျန်းပေးကြသည်။ ထို့နောက် ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြပြီး ဖျော်ဖြေသည့် ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြင့်ကာ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)