မုံရွာ ဇူလိုင် ၂၀

 

၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် အောင်ပွဲရ စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်ထံ စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်း အသင်းမှ အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများက တံခွန်စိုက်ဆုဖလားအား အပ်နှံကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စုပေါင်းတံခွန်စိုက်ဆုရ ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြု ချီးမြင့်ငွေကျပ် သိန်း - ၃၀ အား ပြန်လည်ပေးအပ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး က အမျိုးသား တံခွန်စိုက်ဆုရ ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုချီးမြင့်ငွေကျပ် သိန်း- ၃၀ အား လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက် ပထမဆုရ ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုချီးမြင့်ငွေ ကျပ် - ၁၅ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသား(၂) ယောက် တွဲအဖွဲ့လိုက် ပထမဆုရ ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုချီးမြင့်ငွေကျပ် - ၁၅ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးကျော်မင်းသန်းက အမျိုးသားအသင်းလိုက် (၃)ယောက်တွဲ ဒုတိယဆုရ ပိုက်ကျော်ခြင်း အသင်းအား ဂုဏ်ပြုချီးမြင့်ငွေကျပ်- ၁၀ သိန်း အားလည်းကောင်း အသင်းအုပ်ချုပ်သူနှင့် အားက စားသမားများထံ အသီးသီး ပေးအပ်ချီးမြင့်ကြသည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်း အုပ်ချုပ်သူမှ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲအတွေ့အကြုံအား ရှင်းလင်းတင်ပြပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့သည့် မှတ်တမ်းဗွီဒီယို Slide အား ပြသကာ တာဝန်ရှိသူများ၊ ဆုရအားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်း အနေဖြင့် အမျိုးသား(၂)ယောက်တွဲ ရွှေတံဆိပ်၊ အမျိုးသား(၃)ယောက်တွဲ ရွှေတံဆိပ်၊ အမျိုးသားအသင်းလိုက် (၃)ယောက်တွဲ ငွေတံဆိပ်၊ အမျိုးသားအသင်းလိုက် တံခွန်စိုက်ဆုနှင့် စုပေါင်းတံခွန်စိုက်ဆုကြီးကို ရရှိခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး ပြန်/ဆက်