မုံရွာ  ၅  ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သစ်တောဧရိယာအတွင်းမှ ဧက(၂၀ဝ၀)ကို သဘာဝတော တန်ဘိုးမြင့် စိုက်ခင်းများအဖြစ် ပြန်လည်ဖော်ဆောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကျော့ကျော့အောင်၏ ပြောကြားချက်အရသိရသည်။

 

1

 


“သစ်ထုတ်ပြီးသား အကွက်တွေမှာလည်း ပြန်ပြီးစိုက်ကြတယ်၊ တန်ဘိုးရှိသစ်အမျိုးအစားတွေကို ခုတ်တော့ တန်ဘိုးနည်းသွားတယ်၊ အဲဒိလိုနေရာတွေမှာ အစားထိုးပြန်ပြီးစိုက်ပေးမှာပါ၊ စီးပွားရေးအရ တွက်မယ်ဆိုရင် တောရှိတိုင်း တန်ဘိုးရှိတာမဟုတ်ဘူး၊ တန်ဘိုးမြင့်သစ်အမျိုးအစား အများအပြားပါမှ တန်ဘိုးရှိတာ တန်ဘိုးမရှိတဲ့ သစ်အမျိုးအစားတွေ၊ ကောက်ကွေးနေတဲ့ အပင်တွေကို ပယ်ပြီးတော့ လိုင်းအလိုက်၊ အကွက်အလိုက် တန်ဘိုးမြင့် သစ်အမျိုးအစားတွေကို ပြန်ပြီးစိုက်ပေးတာဖြစ်တယ်” ဟု  စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့အောင်က ပြောသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝတောတန်ဘိုးမြင့် စိုက်ပျိုးခြင်းအနေဖြင့် ရွှေဘိုခရိုင်အတွင်းရှိ ကျွန်လှမြို့နယ် မိုင်းဝန်းကြိုးဝိုင်းအတွင်း ဧက (၃၀ဝ)အားလည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်း ပုလဲမြို့နယ် မြောက်ယမားကြိုးဝိုင်းအတွင်း ဧက(၁၅၀)နှင့်ကနီမြို့နယ် ပင်ထောင်ကြိုးဝိုင်းအတွင်း ဧက(၁၅၀)အား လည်းကောင်း၊  ကသာခရိုင်အတွင်း ကသာမြို့နယ် ကျောက်တောင်ကြိုးဝိုင်းအတွင်း ဧက(၁၀ဝ)၊ ကောလင်းမြို့နယ် ပြင်တဲကြိုးဝိုင်းအတွင်း ဧက(၅၀)၊ ထီးချိုင်မြို့နယ် ကလုံကြိုးဝိုင်းအတွင်း ဧက(၁၀ဝ)၊ ပင်လည်ဘူးမြို့နယ် ခွေးသေကြိုးပြင်ကာကွယ်တောအတွင်း ဧက(၅၀)၊ ဗန်းမောက်မြို့နယ် ဗန်းမောက်ကြိုးပြင် ကာကွယ်တောအတွင်း ဧက(၂၀ဝ)၊ ဝန်းသိုမြို့နယ် နန်းခမ်းကြိုးဝိုင်းအတွင်း ဧက (၁၀ဝ) နှင့် အင်းတော်မြို့နယ် နန့်ဖယ် ကြိုးဝိုင်းအတွင်း ဧက(၁၀ဝ)အားလည်းကောင်း၊ ကလေးခရိုင်အတွင်း ကလေးမြို့နယ် ဘုန်းတိုးချဲ့(၁) ကြိုးဝိုင်း အတွင်း ဧက(၁၀ဝ)၊ ကလေးဝမြို့နယ် ရွှေကျင်ကြိုးဝိုင်းအတွင်း ဧက(၁၀ဝ)နှင့် မင်းကင်းမြို့နယ် ရုံတောင် ကြိုးပြင် တောအတွင်း ဧက(၁၀ဝ)အားလည်းကောင်း၊ မော်လိုက်ခရိုင်အတွင်း မော်လိုက်မြို့နယ် မော်ကူး ကြိုးဝိုင်းအတွင်း ဧက(၁၀ဝ)နှင့် ဖောင်းပြင်မြို့နယ် နန်းဘုန်းကြိုးဝိုင်းအတွင်း ဧက(၁၀ဝ)အားလည်းကောင်း၊ ခန္တီးခရိုင်အတွင်း ဟုမ္မလင်းမြို့နယ် သဝန်ကြိုးဝိုင်းအတွင်း ဧက(၁၀ဝ)အားလည်းကောင်း၊ တမူးခရိုင်အတွင်း တမူးမြို့နယ် အတွင်းရိုးမကြိုးပြင် ကာကွယ်တောအတွင်း ဧက(၁၀ဝ)အားလည်းကောင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြန်လည်စိုက်ပျိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)