မုံရွာ ၂၁  ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၀ ခရိုင်ရှိ လူဦးရေ ၅၅ သိန်းအပေါ်မူတည်ပြီး၊ စားအုံးဆီခွဲတမ်းမှာ ၁၈ လီတာပုံး ၇၆၄၁၀ ပုံး ရရှိခဲ့ပါကြောင်း၊ စာသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်ဝင်း က ပြောကြားသည်။

 

နိုင်ငံတော်အရန်ရိက္ခာ စားအုံးဆီပုံးများကို ကလေးခရိုင်အတွက် ၇၃၀၀ ပုံး၊ တမူးခရိုင်အတွက် ၁၅၇၅ ပုံး၊ ကသာခရိုင်အတွက် ၁၂၃၀၉ ပုံး၊ ရွှေဘိုခရိုင်အတွက် ၁၄၈၃၄ ပုံး၊ ကန့်ဘလူ ခရိုင်အ တွက် ၆၃၉၈ ပုံ၊ မုံရွာခရိုင်အတွက် ၁၁၂၀၉ ပုံး၊ ယင်းမာပင်ခရိုင်အတွက် ၇၉၃၇ ပုံး၊ စစ်ကိုင်းခရိုင် အတွက် ၇၄၉၅ ပုံး၊ မော်လိုက်ခရိုင်အတွင် ၂၃၃၆ ပုံး၊ ခန္တီးခရိုင်အတွက် ၃၄၄၆ ပုံး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် ၁၅၇၁ ပုံး၊ စုစုပေါင်း စားအုံးဆီပုံး ၇၆၄၁၀ ပုံး တို့ကို အသီးသီးဖြန့်ဝေ ပေးပြီးဖြစ်ပါကြောင်း ဆက်လက်ပြောကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွက် နိုင်ငံတော်အရန်ရိက္ခာစားအုံးဆီပုံများကို ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနှုန်း မြှင့်မားပြီး အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နိုင်ငံသားများကို ရိက္ခာချက်ချင်းဖြန့်ဝေနိုင်ရန် သိုလှောင်ထားရှိခြင်းဖြစ်ကြောင်း စာသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်ဝင်း က ပြောကြားသည်။

မွှေးကြူဇင်