စစ်တွေ ၁၁ ဇွန်

ပြည်သူလူထု အသိပညာဗဟုသုတ တိုးပွားစေပြီး လက်လှမ်းတမီပညာရှာမှီးခွင့် ရရှိစေရေးအတွက် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်လျှက်ရှိရာ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်  နည်းပညာ ၊အတွေးအခေါ် အယူအဆ ၊ အချိန်ပေးနိုင်ခွင့် နည်းပါးမှုများအရ ပြည်သူ့စာကြည့်တိုက်သို့ စာဖတ်၊ စာငှားလာရောက်မှု နည်းပါးသည့်အတွက် စာပေဝါသနာပါသူများ အဆင်ပြေချောမွေ့စေရေး၊ စာပေတန်ဖိုးနှင့် စာကြည့်တိုက်အကျိုးကျေးဇူးများကို သိရှိသူများ တိုးပွားလာကာ စာဖတ်ရှိန်မြင့်မားလာရေးအတွက် နယ်လှည့်စာကြည့်တိုက်ဖြင့် ယနေ့ မွန်းလွဲ ၂ နာရီက စစ်တွေခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူးနှင့် ဝန်ထမ်းများက စစ်တွေအကျဉ်းထောင်သို့ စာအုပ်၊ စာစောင်များကို ကွင်းဆင်း၍ကျယ်ကျယ်ပြန့်ပြန့် အခမဲ့ငှားရမ်း ဆောင်ရွက်ပေးကြသည်။ 

 

00225

 

အဆိုပါ စာအုပ် ၊ စာစောင်များ ၁၅၀ ကို အခမဲ့ ငှားရမ်းပေးကြသည်။ ထို့ပြင် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်ရာတွင် စာငှားသူအသင်းဝင်ကတြ်ပားများ ရှိပြီးသူများနှင့် စာငှားအသင်းဝင် ကတ်ပြားများ မရှိသေးသည့် သူများကိုလည်း စာငှားအသင်းဝင်ကတ်ပြားများ ပြုလုပ်ပေးကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)