စစ်တွေ  ဇူလိုင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပါးစပ်နှင့် နှာခေါင်းစည်း Mask  Campaign ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယနေ့ နံနက် နာရီတွင် စစ်တွေမြို့ မြို့မဈေးကြီး၌ ပြုလုပ်သည်။

အဆိုပါ Mask Campaign ဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  ဈေးရောင်း၊ ဈေးဝယ်သူများ၊ လမ်းသွား၊ လမ်းလာပြည်သူများ၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် စီးနင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် ရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း Mask ခုရေ(၁၀၀၀) အခမဲ့ ဖြန့်ဝေပေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)

IMG_20210701_073205