စစ်တွေ ဇူလိုင် ၁
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပါးစပ်နှင့် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၈ နာရီတွင် စစ်တွေမြို့ မြို့မဈေးကြီး၌ ပြုလုပ်သည်။
အဆိုပါ Mask Campaign ဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဈေးရောင်း၊ ဈေးဝယ်သူများ၊ လမ်းသွား၊ လမ်းလာပြည်သူများ၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် စီးနင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် ရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း Mask ခုရေ(၁၀၀၀) အခမဲ့ ဖြန့်ဝေပေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)


