စစ်တွေ ၁၀  မေ

ဒိန်းမတ် လူမှုရေးအဖွဲ့အစည်း၏ ထောက်ပံ့မှုဖြင့် ဒိန်းမတ်လူမှုအဖွဲ့အစည်း(ဂျာမနီ)နှင့်  ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ)နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ကျွမ်းကျင်မှု သင်တန်းပြပွဲကို စစ်တွေမြို့၊ မြို့တော်ခန်းမ၊ ခိုင်သဇင်ပန်းခြံတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

 

mdn

 

ပြပွဲတွင် ဇာထိုး၊ ပန်းထိုး၊ အပ်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ မြန်မာ့ရိုးရာ မုန့်လုပ်နည်းသင်တန်း၊ အဝတ်အထည်နှင့်ဖက်ရှင်၊ ဆိုင်ကယ်ပြင်သင်တန်း၊ အလှပြင်သင်တန်း စသည့် သင်တန်းပေါင်း (၂၀) ခန့်ကို လာရောက်ပြသထားသည်။

“လူမှုဝန်ထမ်းဦးစီးဌာနက မြန်မာ့ရိုးရာမုန့်လုပ်နည်း သင်တန်းမှာ တစ်လနီးပါး သင်တန်းတက်ပြီး အခုဒီပြပွဲမှာ မုန့်(၁၀)မျိုးလောက်လုပ်ပြီး ပြခန်းမှာ အမြည်းကျွေးတာပါ။ ကျွန်တော်က မုန့်လုပ်နည်းသင်တန်းဆရာအဖြစ် သင်တန်းပေး သွားမှာပါ” ဟု စစ်တွေ မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုထားသည့် အောင်ရဲမင်းဦးက ပြောသည်။

 

mdn

 

“လူငယ်တွေအတွက် သင်တန်းတွေချပြတာပါ။ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ ၂၀ ကျော်ပြသထားပါတယ်။ သင်တန်းတွေကို သူတို့ကိုယ် တိုင်ရွေးမယ်၊ ကျွန်တော်တို့က သူတို့တောင်းဆိုမှုအများဆုံး သင်တန်းကိုပေးမယ်။ သင်တန်းတွေတက်မှ ထောက်ခံမှုရပြီး ကျွမ်းကျင်မယ်။ အလုပ်အကိုင်တွေရမယ်”ဟု GIZ မှ project officer ဦးကိုကိုထွေး ကပြောသည်။

သန့်ဇင်ဝင်း-MNA