နေပြည်တော်   ဒီဇင်ဘာ   ၈

 

စစ်တက္ကသိုလ်   ဗိုလ်လောင်းသင်တန်း  အမှတ်စဉ်(၆၅) ပြန်တမ်းဝင်အရာရှိ  ခန့်အပ်ခြင်း အခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင်  စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊  စစ်ရာထူးခန့်ချုပ်   ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်နှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။

 

အခမ်းအနားအစီအစဉ်အရ    စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး    လင်းအောင်၊     တပ်မတော် အရာရှိကြီး များနှင့်  စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးတို့သည်   စင်မြင့်ထက်တွင်  နေရာယူကြပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က  ကျောင်းဆင်း ဗိုလ်လောင်းတစ်ဦးချင်းစီအား ပြန်တမ်းဝင်ခန့်အပ် လွှာများ ပေးအပ်သည်။

 

ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်ပြီးနောက် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က    အမှာစကား ပြောကြားပြီး   အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်