နေပြည်တော် ၈ စက်တင်ဘာ
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာ အိမ်ထောင်စုများ စားသောက်ကုန် (၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ် ၄၀,၀၀ဝ နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၂၁ ရက်တွင် Virtual Meeting အဖြစ် ကျင်းပခဲ့သည်။
အဆိုပါ CERP အစီအစဉ်အရ စားသောက်ကုန် (၅)မျိုး ဝယ်ယူရန်အတွက် မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်အုပ်စု၊ စေတီတောင်ရွာဟောင်း ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု (၇၆)စု၊ ညောင်ပင်ဈေးရပ်ကွက်၊ သျှစ်သောင်းဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၁၄၂)၊ ရှော်မယ်အမကရှိ အိမ်ထောင်စု(၅၁)စု၊ မြတန်ဆောင်းဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု (၂၇၂)စု၊ လက်ကောက် ဈေးဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၃၂၇)စု၊ ဘုရားပေါ် ဘုရားသိမ်ရှိ အိမ်ထောင်စု(၈၀)၊ ထမ္မရာဇ်မြို့ကွက်သစ်ရှိ အိမ်ထောင်စု(၃၄)စု၊ သံချောင်းကျေးရွာအုပ်စု၊ ပီပင်ရင်းကျေးရွာဘုန်းကြီးကျောင်းရှိ အိမ်ထောင်စု(၄၉၀)၊ တင်းထိန်ကန်ကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံရှိ အိမ်ထောင်စု (၁၈၈)စု၊ မော်ရွာအုပ်စု၊ စင်းဘောကိုင်းကျေးရွာရှိ အိမ်ထောင်စု(၇၁၁)စု၊ တင်းထိန်ကန်အုပ်စု၊ ရွာသစ်ကေဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု (၁၁၄)စု၊ အောင်တပ်ရပ်ကွက်၊ အောင်စေတီဘုရားသိမ်ရှိ အိမ်ထောင်စု(၇၀)၊ နရတ်စား ဘုရားသိမ်ရှိ အိမ်ထောင်စု(၃၉)စု၊ ဝက်လှကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု (၉၆)စု၊ တိန်ညိုကျေးရွာရှိ အိမ်ထောင်စု(၈၄၅)စု၊ အောင်တပ်ရပ်ကွက်၊ မြို့သစ်ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၂၂၄)စု၊ အောင်တပ်ရပ်ကွက်၊ ဒိုင်းဂျီဘုန်းတော်ကြီးကျောင်းသစ်ရှိ အိမ်ထောင်စု(၆၈)စု၊ အောင်တပ်ရပ်ကွက်၊ ဒိုင်းဂျီဘုန်းတော်ကြီး ကျောင်းဟောင်းရှိ အိမ်ထောင်စု(၈၅)စု၊ တောင်မြင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံရှိ အိမ်ထောင်စု(၆၁)စု၊ အောင်တပ်ရပ်ကွက်၊ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၃၉)စု၊ ပြလှကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု (၁၇၅)စု၊ နကန်ကျေးရွာ(အရှေ့) ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၃၂)စု၊ ပုဇွန်ဖေကျေးရွာရှိ အိမ်ထောင်စု(၇၈)စု၊ ကုလားချောင်း ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၁၂၄)စု၊ ရွှေထီးဆောင်းဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၈၄)စုနှင့် ကျောက်ရာစ်ကေဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၁၁၀)၊ စုစုပေါင်း ယာယီတိုက်ပွဲရှောင်စုရပ်(၂၆)ခုရှိ အိမ်ထောင်စု(၄၆၁၅)စုတို့အတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၁၈၄,၆၀၀,၀၀ဝ ကို မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စက်တင်ဘာ ၇ ရက်တွင် မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ရှေ့မှောက်တွင် ထောက်ပံ့ခဲ့ပြီး ထောက်ပံ့ရန်ကျန်ရှိသည့် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်များရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာသူများအား ဆက်လက်ထောက်ပံ့ ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


