နေပြည်တော် ၂ စက်တင်ဘာ

 

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စားသောက်ကုန်(၅)မျိုး ဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ် ၄၀၀၀ဝ နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၂၁ ရက်တွင် Virtual Meeting ဖြင့် ကျင်းပခဲ့သည်။

 

အဆိုပါ CERP အစီအစဉ်အရ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စေတီတောင်ရွာ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၆၂၄)စု၊ ခွဆုံရွာ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၃၁၀)၊ ဒုံးသိမ်ဓမ္မာရုံမှ အိမ်ထောင်စု(၁၁)စု၊ ရန်အောင်မြေ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၁၇၁)စု၊ လမ်းမဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၅၅၄)စု၊ ဂန္ဓာရီတောရပရဟိတ ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၆၉)စု၊ မြတောင်ဘုန်းကြီးကျောင်းမှ အိမ်ထောင်စု(၂၀၅)စု၊ မြောင်းနားတိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု (၈၂)စု၊ အောင်ပရွာမှ အိမ်ထောင်စု(၂၅)စု စုစုပေါင်း ယာယီတိုက်ပွဲရှောင်စုရပ်(၉)ခုရှိ စုစုပေါင်း အိမ်ထောင်စု (၂၀၅၁)စုတို့အတွက် စားသောက်ကုန်(၅)မျိုး ဝယ်ယူရန် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၈၂၀၄၀၀၀ဝ ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ခရိုင်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် ပူးပေါင်း၍ ယမန်နေ့က ထောက်ပံ့ခဲ့ကြောင်း၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နှင့် ကျောက်ဖြူခရိုင်များရှိ IDP နှင့် တိုက်ပွဲရှောင်အိမ်ထောင်စုများကိုလည်း ထောက်ပံ့ကူညီမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn