ထန်တလန်  ၂၂ မေ

ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် မသန်စွမ်းသူများ ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက ထန်တလန်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

 

704

 

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကားပြောကြားပြီး ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ချင်းပြည်နယ်အတွင်း စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မသန်စွမ်းသူများအား လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့ကြေးပေးအပ်မှု အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

555

 

ထို့နောက် ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် တာဝန်ရှိသူများက ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း (၁၁)ကျောင်းအတွက်ငွေကျပ် ၇၇၀ဝ၀ဝ၀၊  ဂေဟာသုံးခုအတွက် ထောက်ပံ့ငွေကျပ် ၆၀၉၉ဝဝဝ၊ မသန်စွမ်း တက်ရောက်သူ (၂၄)ဦးအတွက် တစ်ဦးလျှင် သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၇၂၀ဝဝဝ တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

 

5555555