ထန်တလန် ၂၃ မေ
ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် မသန်စွမ်းသူများ ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ထန်တလန်မြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကား ပြောကြားပြီး ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက ချင်းပြည်နယ်အတွင်း စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မသန်စွမ်းသူများအား လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့ကြေး ပေးအပ်မှု အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမှုထန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် တာဝန်ရှိသူများက ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း တစ်ဆယ့်တစ် ကျောင်းအတွက် ၇၇၀ဝ၀ဝ၀၊ ဂေဟာသုံးခုအတွက် ထောက်ပံ့ငွေ ကျပ် ၆၀၉၉ဝဝဝ၊ မသန်စွမ်းတက်ရောက်သူ (၂၄) ဦးအတွက် တစ်ဦးလျှင် သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ငွေ ကျပ် ၇၂၀ဝဝဝ ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။
MDN